back

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေ မြင့်တက်လာသဖြင့် ရေဘေးသင့်ပြည်သူ ၃၉၀ ဦးအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့

Aug 12 • 2:40 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေ မြင့်တက်လာသဖြင့် ရေဘေးသင့်ပြည်သူ ၃၉၀ ဦးအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် (၇၅၀ စင်တီမီတာ) အထက် ကျော်လွန်ကာ ဩဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲ တိ...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် (၇၅၀ စင်တီမီတာ) အထက် ကျော်လွန်ကာ ဩဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ ၈၃၅ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် မြစ်ကမ်းနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက် ရှိသည်။သက်ဆိုင်ရာ သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များ၊ မီးသတ်၊ ကြက်ခြေနီနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ဘားအံမြို့ မိုးလုံလေလုံ အားကစားရုံနှင့် လေးသာ ဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်း နှစ်ခုတို့၌ အိမ်ထောင်စု ၇၈ စုမှ လူဦးရေ ၃၉၀ ဦး (ကျား ၁၉၄၊ မ ၁၉၆) အား ပြောင်းရွှေ့နေရာချထားပေးပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

19