back

ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်အား တစ်နှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူ

Aug 12 • 1:58 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်အား တစ်နှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူ

AFC Challenge League နှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ထိုင်းကလပ် ထရက် အသင်းတိုက်စစ်မှူးလည်းဖြစ်၊ မြန်မာ့လက်...

AFC Challenge League နှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ထိုင်းကလပ် ထရက် အသင်းတိုက်စစ်မှူးလည်းဖြစ်၊ မြန်မာ့လက်ရွေးစင် ကစားသမားလည်းဖြစ်သူ သန်းပိုင်အား တိုက်စစ်ပိုင်း အာရုံစိုက် အားဖြည့်သည့်အနေဖြင့် တစ်နှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရသည်။သန်းပိုင်သည် ရန်ကုန်ယူနိုက်တက် လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၁၅ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲနှင့် အသင်းကြီးအတွက် ၂၀၂၀ ပြည့်နှစ်အထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်သည်။ ယင်းနောက် ၂၀၂၂ ခုနှစ်မှစ၍ ထိုင်းကလပ်များဖြစ်သည့် ကန်ချနာဘူရီစီးတီး၊ ချင်းမိုင်ယူနိုက်တက်၊ ကန်ချနာဘူရီပါဝါနှင့် ထရက် အသင်းတို့တွင် သွားရောက်ကစားကာ နိုင်ငံတကာ အတွေ့အကြုံများ ရယူခဲ့ပြီးနောက် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။အသင်းသို့ ပြန်လည်ရောက်ရှိလာမှုနှင့် ပတ်သက်၍ အိမ်လိုခံစားရသည့် ရန်ကုန်ယူနိုက်တက်တွင် ပြန်လည်ကစားခွင့်ရသဖြင့် ပျော်ရွှင်ရကြောင်းနှင့် အသင်းအတွက် ရလဒ်ကောင်းများရရှိအောင် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း သန်းပိုင်က ပြောကြားခဲ့သည်။

news-view-count-icon

12