၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (၂၀၂၆) ၌ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲအမျိုးအစား ၆ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၃ ခု စုစုပေါင်း ဆုတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့ပြီး ဩဂုတ် ၁၁ ရက်တွင် ဆုတံဆိပ်များ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရသည်။မြန်မာအသင်းသည် အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုတို့ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲသို့ မြန်မာအသင်းမှ အဖွဲ့ခေါင်းဆောင် ဦးသန်းလွင် ဦးဆောင်သည့် အုပ်ချုပ်/နည်းပြ ၆ ဦး၊ အမျိုးသား ကစားသမား ၁၅ ဦးနှင့် အမျိုးသမီး ကစားသမား ၉ ဦး စုစုပေါင်း ၃၀ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါသည်။
၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ ၁ ခု၊ ငွေ ၃ ခု ဆွတ်ခူးရရှိ
Aug 12 • 1:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


