ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံဝင်းအတွင်း စက်ကန် (ရေလှောင်ကန်) သည် ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က တာပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ရေကန်အနီးရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှု မရှိစေရေးအတွက် သဲအိတ်များ၊ သစ်သားတိုင်များနှင့် စက်ယန္တရားများ အသုံးပြု၍ ရေကန်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ သွားရောက် ပြုပြင်ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အမှတ် (၁) ရေနံချက်စက်ရုံဝင်းအတွင်း စက်ကန် (ရေလှောင်ကန်) တာပေါက်မှုဖြစ်ပွား
Aug 12 • 1:35 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


