ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဩဂုတ်လ ၄ ရက် နံနက်ပိုင်းက အထည်ဝယ်ရန် ဈေးကြီးအနီးသို့ ထွက်ခွာသွားပြီးနောက် ရက်ပေါင်းအတန်ကြာ ပျောက်ဆုံးနေခဲ့သည့် နည်းပညာတက္ကသိုလ် ဆရာမဟောင်း ဒေါ်အေးအေးမြင့် (၅၆ နှစ်) ၏ ရုပ်အလောင်း (d.b) ဟု ယူဆရသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ထွက်ပေါ်လာကြောင်း သိရသည်။ ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရသူ ဆရာမကြီး ပျောက်ဆုံးနေမှုအပေါ် မိသားစုနှင့် တပည့်များက စိုးရိမ်တကြီး ရှာဖွေနေစဉ်၊ တိတ်တုတ် (TikTok) လူမှုကွန်ရက်စာမျက်နှာတစ်ခု၌ ဒိုက်ဖတ်များကြားတွင် ခရမ်းရောင်ဝမ်းဆက် ဝတ်ဆင်ထားသည့် အမျိုးသမီးရုပ်အလောင်းဓာတ်ပုံတစ်ပုံ တင်ထားသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဝတ်ဆင်ထားသည့် အဝတ်အစားအရ မိခင်ဖြစ်သူ၏ ရုပ်အလောင်း ဟုတ်မှန်နိုင်ကြောင်း သမီးဖြစ်သူက အတည်ပြုခဲ့သော်လည်း၊ ဓာတ်ပုံတင်ခဲ့သည့် အကောင့်ပိုင်ရှင်မှာ မည်သည့်နေရာတွင် တွေ့ရှိခဲ့သည်ကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဓာတ်ပုံအား ဖျက်သိမ်းကာ မက်ဆေ့ဘောက်စ် (Message Box) ကို ပိတ်သွားခဲ့သဖြင့် ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက ၎င်းအကောင့်၏ စခရင်ရှော့ (S.S) အထောက်အထားများဖြင့် ဆရာမကြီးအား တွေ့ရှိနိုင်မည့်နေရာကို ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်၌ ပျောက်ဆုံးနေသည့် နည်းပညာတက္ကသိုလ် ဆရာမဟောင်း ဒေါ်အေးအေးမြင့်၏ ရုပ်အလောင်းဟု ယူဆရသည့် ဓာတ်ပုံ တွေ့ရှိ
Aug 11 • 2:04 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 28 | 0 | 0 | 0 |


