back

အီရန်၏ ခြိမ်းခြောက်မှုကြောင့် တူရကီမှ ဗြိတိန်သို့အသွား ဒေါ်နယ်ထရမ့် လျှို့ဝှက်လေယာဉ်ဖြင့် ပုန်းလျှိုးကွယ်လျှိုး သွားခဲ့ရ

Aug 11 • 1:31 PM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်၏ ခြိမ်းခြောက်မှုကြောင့် တူရကီမှ ဗြိတိန်သို့အသွား ဒေါ်နယ်ထရမ့် လျှို့ဝှက်လေယာဉ်ဖြင့် ပုန်းလျှိုးကွယ်လျှိုး သွားခဲ့ရ

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဒေါ်နယ်ထရမ့်သည် နေတိုးထိပ်သီးအစည်းအဝေးတက်ရန် တူရကီသို့ ရောက်ရှိနေစဉ် အီရန်၏ လုပ်ကြံမည့်ခြိမ်းခြောက်မှုများကြောင့် တူရကီမှ ဗြိတိန်သို...

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဒေါ်နယ်ထရမ့်သည် နေတိုးထိပ်သီးအစည်းအဝေးတက်ရန် တူရကီသို့ ရောက်ရှိနေစဉ် အီရန်၏ လုပ်ကြံမည့်ခြိမ်းခြောက်မှုများကြောင့် တူရကီမှ ဗြိတိန်သို့ ထွက်ခွာရာတွင် သတင်းထောက်များနှင့် ဝန်ထမ်းများကိုပါ လှည့်စားကာ လေဆိပ်အစားအသောက်ပို့သည့် ကွန်တိန်နာအတွင်း ပုန်းလျှိုး၍ C-32A လျှို့ဝှက်လေယာဉ်ငယ်ဖြင့် သွားရောက်ခဲ့ကြောင်း Washington Post နှင့် New York Times သတင်းများအရ သိရသည်။ ထရမ့်သည် လူမြင်ကွင်းတွင် Air Force One လေယာဉ်ကြီးပေါ် တက်ပြခဲ့သော်လည်း မိနစ်ပိုင်းအကြာ၌ လျှို့ဝှက်ပြောင်းရွှေ့စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ ဗြိတိန်သို့ ရောက်ရှိချိန်တွင်လည်း လျှို့ဝှက်လေယာဉ်က အရင်ဆိုက်ရောက်ကာ ၎င်းနောက်မှ ရောက်လာသည့် Air Force One လေယာဉ်ကြီးပေါ်သို့ ကားဖြင့်လျှို့ဝှက်ပြန်တက်၍ ပုံမှန်အတိုင်း လှေကားမှ ဆင်းပြခဲ့ခြင်းဖြစ်ရာ၊ ၎င်းဖြစ်စဉ်သည် ၂၀၀၀ ပြည့်နှစ်က ဘီလ်ကလင်တန် ပါကစ္စတန်သို့ လျှို့ဝှက်သွားခဲ့သည့် အဖြစ်အပျက်နှင့် ဆင်တူကြောင်း သိရသည်။

news-view-count-icon

16