back

ကယားပြည်နယ်၊လွိုင်ကော်မြို့ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီးကို ဘဏ္ဍာနှစ် (၂) နှစ်အတွင်း အပြီးသတ်တည်ဆောက်မည်

Aug 11 • 1:26 PM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊လွိုင်ကော်မြို့ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီးကို ဘဏ္ဍာနှစ် (၂) နှစ်အတွင်း အပြီးသတ်တည်ဆောက်မည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Steel Structure အမျိုးအစား အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီးကို ဘဏ္ဍာနှစ် (၂) နှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အပြီးသတ်တည်ဆော...

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Steel Structure အမျိုးအစား အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီးကို ဘဏ္ဍာနှစ် (၂) နှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အပြီးသတ်တည်ဆောက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဩဂုတ်လ ၁၁ ရက်တွင် သိရသည်။ လက်ရှိတွင် ဈေးသစ်ကြီး၏ တတိယပိုင်းအဖြစ် တစ်ထပ်ဈေးရုံ (၁၄) ရုံနှင့် နှစ်ထပ်ဈေးရုံ (၁) ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို အရည်အသွေးစစ်ဆေးရေးအဖွဲ့က စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ဈေးအတွင်း ဝင်ထွက်သွားလာမှုလွယ်ကူစေမည့် လမ်းများနှင့် ရေမြောင်းများစနစ်တကျရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုပါ ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16