ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း (Cultural Tourism) နှင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း (Cross-border Tourism) များကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားလိုက်သည်။ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နယ်စပ်ဒေသ၏ ထူးခြားသည့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် သဘာဝအလှတရားများကို ဖော်ထုတ်ကာ ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရေးနှင့် ဝန်ဆောင်မှုအပိုင်းများ ပိုမိုကောင်းမွန်လာစေရေးတို့ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
Aug 11 • 1:25 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 9 | 0 | 0 | 0 |


