ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တပ်ရွာကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၁ နှစ်ရှိ အဘိုး ဦးသိန်းအောင်ထံသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့ဝင်များက ဩဂုတ်လ ၁၁ ရက် (ယနေ့) တွင် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက်တွေ့ဆုံစဉ် ဝန်ကြီးချုပ်က အဘိုး ဦးသိန်းအောင်၏ အသက် ၁၂၁ နှစ်မြောက်အဖြစ် တစ်နှစ်လျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၁၂၁ သိန်းအပြင် အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ပစ္စည်းများကို ဂါရဝပြု ပေးအပ်ခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဘိုး၏ ကျန်းမာရေးအခြေအနေနှင့် နေ့စဉ်နေထိုင်မှုပုံစံများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသက် ၁၂၁ နှစ်ရှိ အဘိုးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ဂါရဝပြုပြီး ငွေကျပ် ၁၂၁ သိန်း ထောက်ပံ့
Aug 11 • 1:24 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ငဝန်တာအောက်ခံ နေရာအချို့ ရေကျော်ဝင်ရောက်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက တာဘောင်များ ဆက်လက်ပြုပြင်လျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

