ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှုဖြစ်ပွားနေသည့် နေရာများ၌ ဩဂုတ်လ ၁၁ ရက်တွင် တာဘောင်များ ခိုင်ခံ့စေရန် ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဘေးကာကွယ်ရေးနှင့် တာဘောင်မြှင့်တင်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ရေဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အားတက်သရော ဝိုင်းဝန်းလုပ်ဆောင်နေကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ငဝန်တာအောက်ခံ နေရာအချို့ ရေကျော်ဝင်ရောက်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက တာဘောင်များ ဆက်လက်ပြုပြင်လျက်ရှိ
Aug 11 • 12:23 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 13 | 0 | 0 | 0 |


