back

မန္တလေးနှင့် ပဲခူးတို့တွင် ကြက်ခြေနီသိုလှောင်ရုံ ဆောက်လုပ်ရန်အတွက် EOI လျှောက်လွှာများ ဖိတ်ခေါ်

Aug 11 • 12:21 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မန္တလေးနှင့် ပဲခူးတို့တွင် ကြက်ခြေနီသိုလှောင်ရုံ ဆောက်လုပ်ရန်အတွက် EOI လျှောက်လွှာများ ဖိတ်ခေါ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘေးဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့နှင့် ပဲခူးမြို့တို့...

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘေးဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့နှင့် ပဲခူးမြို့တို့တွင် ကြက်ခြေနီသိုလှောင်ရုံများ ဆောက်လုပ်ရန်အတွက် အတွေ့အကြုံရှိ ကန်ထရိုက်တာများထံမှ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (EOI) မေးခွန်းလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း ဩဂုတ်လ ၁၁ ရက်တွင် သိရသည်။ အဆိုပါ EOI မေးခွန်းလွှာများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန (ရန်ကုန်ရုံး) အပြင် မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတို့တွင် ဇူလိုင်လ ၃၁ ရက်မှစတင်၍ ထုတ်ယူနိုင်ပြီဖြစ်သည်။ စိတ်ဝင်စားသည့် ကန်ထရိုက်တာများအနေဖြင့် ဖြေဆိုထားသော အထောက်အထားများကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထား၍ သတ်မှတ်ထားသည့် ရုံးများသို့ စာအိတ်ပိတ်လျက် ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19