back

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်

Aug 11 • 12:17 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက် ညနေပိုင်းက ငါးသိုင်းချောင်းမြို့ရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက် ညနေပိုင်းက ငါးသိုင်းချောင်းမြို့ရှိ ရွှေရေးဆောင်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က သဘာဝဘေးအန္တရာယ်များကို အစိုးရနှင့် ပြည်သူ လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်ပါက အခက်အခဲများကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ရေဘေးကာလအတွင်း ကျန်းမာရေးကို အထူးဂရုစိုက် နေထိုင်ကြရန်နှင့် အခက်အခဲများကို စုပေါင်းအင်အားဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

9