ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမကြီးပေါ်ရှိ သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် မြို့အင်္ဂါရပ် သန့်ရှင်းသပ်ရပ်စေရေးနှင့် လမ်းအဆင့်မြှင့်တင်နိုင်ရေးအတွက် ဟောင်းနွမ်းနေသော ဆက်သွယ်ရေးတိုင်ဟောင်းများကို နှုတ်သိမ်း၍ တိုင်သစ်များဖြင့် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆက်သွယ်ရေးတိုင်ဟောင်းများ နှုတ်သိမ်းခြင်းနှင့် တိုင်သစ်များပေါ်သို့ ကေဘယ်ကြိုးများ စနစ်တကျ ရှင်းလင်းရွှေ့ပြောင်းတပ်ဆင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် ဝန်ကြီးက ပြည်သူများ သွားလာရာတွင် အန္တရာယ်မရှိစေရေးအတွက် ကေဘယ်လိုင်းများကို စံချိန်စံညွှန်းမီ သပ်ရပ်စွာ ရွှေ့ပြောင်းတပ်ဆင်ရန်နှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်၌ ကမ်းနားလမ်းအဆင့်မြှင့်တင်ရန် ဟောင်းနွမ်းနေသော ဆက်သွယ်ရေးတိုင်များကို စနစ်တကျ နှုတ်သိမ်းပြီး တိုင်သစ်များ လဲလှယ်တပ်ဆင်လျက်ရှိ
Aug 11 • 11:21 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 10 | 0 | 0 | 0 |


