back

မြန်မာနိုင်ငံ၏ ဝါစိုက်ပျိုးမှုကဏ္ဍ တိုးတက်စေရေးအတွက် အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

Aug 11 • 11:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံ၏ ဝါစိုက်ပျိုးမှုကဏ္ဍ တိုးတက်စေရေးအတွက် အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာနိုင်ငံ၏ ဝါသီးနှံစိုက်ပျိုးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အထွက်နှုန်း ပိုမိုကောင်းမွန်လာစေရန်အတွက် အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဩဂုတ်...

မြန်မာနိုင်ငံ၏ ဝါသီးနှံစိုက်ပျိုးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အထွက်နှုန်း ပိုမိုကောင်းမွန်လာစေရန်အတွက် အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဩဂုတ်လ ၉ ရက် နံနက်ပိုင်းက ကိုင်ရိုမြို့ရှိ အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန (ARC) ၌ အီဂျစ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်နှင့်အတူ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Dr. Saad Moussa နှင့် အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန (ARC) ဥက္ကဋ္ဌ Professor Dr. Adel Abd-Elazim Al-Akhedar တို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဝါသီးနှံကဏ္ဍ အဆင့်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် အခြားနှစ်နိုင်ငံအကျိုးရှိစေမည့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုပါ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

12