ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းက ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ရေပြန်လည်ကျဆင်းပါက စပါးချက်ချင်း ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ခြင်း၊ လိုအပ်မည့် စက်ယန္တရားများ၊ မျိုးစေ့များနှင့် သွင်းအားစုများကို ကြိုတင်စုဆောင်းပြင်ဆင်ထားရန် မှာကြားခဲ့သည်။ ထို့ပြင် ရေဘေးသင့်ဒေသများရှိ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကူညီထောက်ပံ့ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်စေရေး လုပ်ငန်းများကိုပါ ကြိုတင်တွက်ချက် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်မိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၂၀၀ နှင့် စေတနာရှင်များ၏ အလှူငွေများကို ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးလွန် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး ပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ
Aug 11 • 11:17 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 7 | 0 | 0 | 0 |


