မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ ၂၃ ခုနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်း (Black List) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အတူ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများကို မပျက်မကွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း DICA က သတိပေးထားသည်။ ထို့ပြင် အဆိုပါ တည်ဆဲဥပဒေများကို လိုက်နာမှုမရှိသည့် ကုမ္ပဏီများရှိပါက အများပြည်သူ သိရှိနိုင်စေရန်အတွက် DICA ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် မှတ်ပုံတင်အရာရှိက ဆက်လက်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ မပေးဆပ်သည့် ကုမ္ပဏီ ၂၃ ခုနှင့် ဒါရိုက်တာများအား အမည်မည်းစာရင်း သတ်မှတ်
Aug 11 • 11:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


