မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက် အဓိကအားထားအသုံးပြုနေသည့် ဆည်ကြီး ၄ ခုအနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့တွင် ဩဂုတ်လလဆန်းပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဩဂုတ်လ ၁၁ ရက် နံနက် ၈ နာရီအချိန်တွင် ရေပိုလွှဲများမှ ရေများ စတင်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် ၎င်းဆည်ရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ဆည်အောက်ဘက်ရှိ ကျေးရွာနေပြည်သူများ စိုးရိမ်ပူပန်မှုမရှိစေရန်အတွက် ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများက နေ့ညမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊မြောက်ဦးနှင့် မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲများမှ ရေများ စတင်ရေကျော်ကျလျက်ရှိ
Aug 11 • 11:08 AM
မြန်မာ
မကွေး
မျှဝေမည်
| 7 | 0 | 0 | 0 |


