နေပြည်တော်၌ ဩဂုတ်လ ၁၁ ရက်တွင် ပြုလုပ်သည့် ထုတ်ပြန်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းများ လုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားလိုက်သည်။ လက်ရှိတွင် မိမိဆန္ဒအလျောက် လျှောက်ထားတက်ရောက်သည့် အမျိုးသမီးစစ်မှုထမ်းတပ်သား၊ တပ်ကြပ်ကြီးစာရေးနှင့် အရာရှိသင်တန်းများကိုသာ ပုံမှန်ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး ဥပဒေအရ အမျိုးသမီးများကို ခေါ်ယူခြင်း မရှိသေးကြောင်း သိရသည်။ ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ ရကသ (၄) ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဆိုသော သတင်းများမှာ ကာယကံရှင်များနှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးထားသည့် သတင်းအမှားများသာဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ ခေါ်ယူနေသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ထုတ်ပြ
Aug 11 • 11:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


