ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့ရှိ သီပေါဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသည့် သီပေါသီတဂူစက္ခုဒါနဆေးရုံ၌ (၅၇) ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို လာမည့် စက်တင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၁ ရက်တွင် သိရသည်။ အဆိုပါ အစီအစဉ်တွင် မျက်စိဝေဒနာရှင်များအနေဖြင့် မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ခွဲစိတ်ကုသမှုများကို အခမဲ့ ခံယူနိုင်မည်ဖြစ်သည်။ မျက်စိဝေဒနာရှင်များအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့ကို နောက်ဆုံးထား၍ ဆေးရုံသို့ လာရောက်ကာ စမ်းသပ်စစ်ဆေးမှုနှင့် ကုသမှုများ ခံယူကြရန်နှင့် သတ်မှတ်ရက်အတွင်း လာရောက်ကုသမှု ခံယူနိုင်ကြောင်း တာဝန်ရှိသူများက အသိပေး နှိုးဆော်ထားသည်။
ရှမ်းပြည်မြောက်ပိုင်း၊သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံ၌ (၅၇) ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို စက်တင်ဘာလ ၁၄ ရက်တွင် စတင်မည်
Aug 11 • 11:05 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


