ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စောင့်ကြည့်ထိန်းသိမ်းပေးသည့် Telematic စနစ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်တပ်ဆင်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ကုန်တင်ယာဉ် ၂,၅၁၄ စီးနှင့် ခရီးသည်တင်မှန်လုံယာဉ် ၃,၁၈၄ စီး၊ စုစုပေါင်း ယာဉ်အစီးရေ ၅,၇၀၀ ကျော်တွင် တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဝေးပြေးလမ်းမကြီးပေါ်ရှိ တိုးလ်ဂိတ် (၆) ဂိတ်တွင် ဖြတ်သန်းခကောက်ခံမှု ပိုမိုမြန်ဆန်စေရန်အတွက် ETC စနစ်ကို RFID စနစ်သစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲကာ စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ ယင်းစနစ်သစ်ကို Toll Pass Mobile Application နှင့် ချိတ်ဆက်ကာ မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Telematic စနစ်တပ်ဆင်ထားသည့် ယာဉ်အစီးရေ ၅,၇၀၀ ကျော်ရှိလာပြီး RFID စနစ်သစ်ကို စမ်းသပ်ဆောင်ရွက်နေ
Aug 11 • 11:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


