အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများအား တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ အချိန်မီ သတင်းပို့ကြရန် ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြលည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ဩဂုတ်လ ၁၀ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်နှင့် ပုံစံအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ် ကာကွယ်တားဆီးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် ဒုတိယဝန်ကြီးက အသိပေး ပြောကြားခဲ့သည်။


