back

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

Aug 11 • 10:57 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်တွင် ဩဂုတ်လ ၃ ရက် ည ၈ နာရီခွဲခန့်က ငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလိုကို မူးယ...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်တွင် ဩဂုတ်လ ၃ ရက် ည ၈ နာရီခွဲခန့်က ငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလိုကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဘိန်းဖြူများကို ရောင်စုံပလတ်စတစ် ဆပ်ပြာခွက် ၆,၆၀၀ ခွက်ဖြင့် ထည့်ထားခြင်းဖြစ်ပြီး မကြည်ကြည်အေး (ခ) မကြည်အေး (ခ) အမိုးနှင့် မနန်းမြရင် (ခ) အေးငြိမ်း တို့နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းဘိန်းဖြူများကို လွှဲပြောင်းပေးခဲ့သူမှာ ကျောက်မဲမြို့နေ စိုင်းနော်ခမ်းဖြစ်ပြီး လားရှိုးမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်ရောင်းချသူမှာ လားရှိုးမြို့နယ်နေ အန်ဇန် ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ထပ်မံဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16