back

အင်ဒိုနီးရှားရေပိုင်နက်အတွင်း ဒေါ်လာသန်းရာချီတန်သည့် ကက်တမင်း မူးယစ်ဆေး ၁.၃ တန် ဖမ်းဆီးရမိ၊ မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် ၈ ဦးကို ထိန်းသိမ်းထား

Aug 11 • 10:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားရေပိုင်နက်အတွင်း ဒေါ်လာသန်းရာချီတန်သည့် ကက်တမင်း မူးယစ်ဆေး ၁.၃ တန် ဖမ်းဆီးရမိ၊ မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် ၈ ဦးကို ထိန်းသိမ်းထား

အင်ဒိုနီးရှားနိုင်ငံရေပိုင်နက်အတွင်း နိုင်ငံခြားသင်္ဘောတစ်စင်းပေါ်မှ ဒေါ်လာသန်းရာချီတန်ဖိုးရှိသည့် ကက်တမင်း (Ketamine) မူးယစ်ဆေးဝါး ၁.၃ တန်ကို အင်ဒိုနီးရှားအာဏာ...

အင်ဒိုနီးရှားနိုင်ငံရေပိုင်နက်အတွင်း နိုင်ငံခြားသင်္ဘောတစ်စင်းပေါ်မှ ဒေါ်လာသန်းရာချီတန်ဖိုးရှိသည့် ကက်တမင်း (Ketamine) မူးယစ်ဆေးဝါး ၁.၃ တန်ကို အင်ဒိုနီးရှားအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖြစ်စဉ်မှာ နိုင်ငံအတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများထဲမှ တစ်ခုဖြစ်ကြောင်း အမျိုးသားမူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ထုတ်ပြန်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ထိုင်းနိုင်ငံမှ ထွက်ခွာလာသည့် MV King Sun သင်္ဘောအား လနှင့်ချီ စောင့်ကြည့်ခဲ့ပြီးနောက် အင်ဒိုနီးရှားရေပိုင်နက်သို့ ဝင်ရောက်လာသည့် ကြာသပတေးနေ့တွင် ရေတပ်စစ်သင်္ဘောဖြင့် တားဆီးစစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ သင်္ဘောပေါ်ပါလာသည့် အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာတွင် မြန်မာနိုင်ငံသား ၇ ဦးနှင့် ထိုင်ဝမ်နိုင်ငံသား ၁ ဦး ပါဝင်ကြောင်း သိရသည်။

news-view-count-icon

18