ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်ကြောင့် ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ကူညီပေးနိုင်ရန် ဩဂုတ်လ ၁၁ ရက်တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်ဦးဆောင်၍ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကျော်ဝင်ရောက်မှုကို အချိန်မီတားဆီးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ထိခိုက်ပျက်စီးသွားသည့် တာဘောင်များအား အရှိန်အဟုန်မြှင့် ပြန်လည်ပြုပြင်ခြင်းနှင့် အရေးပေါ် တားဆီးကာကွယ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ငဝန်တာအောက်ခံ သဲကြောထူးပေါက်ပြီး တာတမံနိမ့်ကျကာ ရေကျော်ဝင်ရောက်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက အရေးပေါ် ပြုပြင်ဆောင်ရွက်လျက်ရှိ
Aug 11 • 10:42 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 11 | 0 | 0 | 0 |


