back

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် ယာယီရေဘေးရှောင်စခန်းများ နေရာချထားပေးရန် စီစဉ်လျက်ရှိ

Aug 11 • 10:39 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် ယာယီရေဘေးရှောင်စခန်းများ နေရာချထားပေးရန် စီစဉ်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေ...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှု အခြေအနေများ၊ မြစ်ရေတက်လာမှုကြောင့် ရွှေ့ပြောင်းပြီးစီးမှုနှင့် ထပ်မံရွှေ့ပြောင်းရန် လိုအပ်သည့် နေအိမ်စာရင်းများကို စိစစ်ကာ ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးရှောင်စခန်းများ စနစ်တကျ သတ်မှတ်နေရာချထားပေးနိုင်ရေး အရေးပေါ် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

7