back

ကိုလံဘီယာနိုင်ငံတွင် ပြင်းအား ၇.၄ အဆင့်ရှိ စံချိန်တင်ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၃၂ ဦးအထိ ရှိလာ

Aug 11 • 10:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကိုလံဘီယာနိုင်ငံတွင် ပြင်းအား ၇.၄ အဆင့်ရှိ စံချိန်တင်ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၃၂ ဦးအထိ ရှိလာ

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း စံချိန်တင် အပြင်းထန်ဆုံးဖြစ်သည့် ပြင်းအား ၇.၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး...

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း စံချိန်တင် အပြင်းထန်ဆုံးဖြစ်သည့် ပြင်းအား ၇.၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးပြီး ၅၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာမြို့တော်များအသင်းက ထုတ်ပြန်ထားသည်။ ငလျင်ကြောင့် ကာလီ (Cali) မြို့ရှိ ဆေးရုံတစ်ရုံ၏ ကလေးဆောင်နှင့် မွေးကင်းစကလေးဆောင် အပါအဝင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက်မှ လူများကို ရှာဖွေကယ်ထုတ်လျက်ရှိသည်။ လက်ရှိတွင် ကိုလံဘီယာအစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ် ကျရောက်သည့်အခြေအနေအဖြစ် ကြေညာကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရန် အဆိုပါဒေသသို့ စစ်တပ်ကို စေလွှတ်ထားကြောင်း သိရသည်။

news-view-count-icon

27