ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယနှင့် ရွာငံမြို့နယ်တို့တွင် မိုးရာသီ မှိုများ ပေါများချိန်၌ တောင်ယာစိုက်ခင်းများတွင် ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ အသုံးပြုထားသဖြင့် အဆိုပါ စိုက်ခင်းများမှ ထွက်ရှိသည့် မှိုများကို ဝယ်ယူစားသုံးရန် ဒေသခံအချို့ စိုးရိမ်လျက်ရှိကြပြီး တောထဲမှ သဘာဝအတိုင်း ပေါက်ရောက်သည့် မှိုများကိုသာ ရွေးချယ်စားသုံးနေကြကြောင်း သိရသည်။ ထို့ပြင် ဩဂုတ် ၇ ရက်ကလည်း ပင်းတယမြို့နယ်၊ လင်းလေအင်းကျေးရွာရှိ လက်ဖက်ခင်းအတွင်းမှ ကောက်ယူရရှိသည့် "မြေမှို" ကို ချက်ပြုတ်စားသုံးမိရာမှ မိသားစုဝင် ၇ ဦး အစာအဆိပ်သင့်၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ဒေသခံများ၏ အတွေ့အကြုံအရ စားသုံးနိုင်သည့်မှိုနှင့် အဆိပ်ရှိသည့်မှိုများမှာ ဆင်တူသဖြင့် ခွဲခြားရန် ခက်ခဲပြီး မှို၏ အရောင်အသွေးနှင့် အပြာရောင် ပြောင်းလဲမှု ရှိ/မရှိ စသည့် ဒေသတွင်း အတွေ့အကြုံများဖြင့် ခွဲခြားစားသုံးနေကြကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပင်းတယနှင့် ရွာငံမြို့နယ်တို့၌ စိုက်ပျိုးရေးသုံးဆေးများ ကြောင့် တောင်ယာစိုက်ခင်းထွက်မှိုများ စားသုံးရန် ပြည်သူအချို့ စိုးရိမ်
Aug 11 • 7:04 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


