back

စစ်ကိုင်းတိုင်း၊ မုံရွာ၌ ကြက်သွန်နီဈေးနှုန်းများ ယခင်နှစ်ထက် ဆယ်ဆခန့် မြင့်တက်နေ

Aug 11 • 4:43 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ မုံရွာ၌ ကြက်သွန်နီဈေးနှုန်းများ ယခင်နှစ်ထက် ဆယ်ဆခန့် မြင့်တက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ကျော်မှ ကျပ် ၆,၀၀၀ ကျော်အထိ ရှိနေပြီး ယခင...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ကျော်မှ ကျပ် ၆,၀၀၀ ကျော်အထိ ရှိနေပြီး ယခင်နှစ်ထက် ဆယ်ဆခန့် ဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ယခင်နှစ်က ဈေးကောင်းမရရှိခဲ့သဖြင့် တောင်သူများ အစိုက်နည်းသွားခြင်း၊ အထွက်နှုန်း လျော့နည်းခြင်းတို့အပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။ ထို့ပြင် ဈေးကွက်အတွင်း အဝင်နည်းနေပါက ကြက်သွန်နီဈေးနှုန်းမှာ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားကြသည်။

news-view-count-icon

17