ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့အနီး ငဝန်မြစ်တာဘောင် ကျိုးပေါက်မှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်နှင့် ကျုံပျော်မြို့နယ်များအတွင်း မိုးစပါးစိုက်ဧက ၃၀,၀၀၀ ကျော် ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စိုက်ပျိုးထားပြီးသည့် စပါးခင်းများအပြင် စိုက်ပျိုးစရိတ်နှင့် ဓာတ်မြေဩဇာ အရင်းအနှီးများစွာ ဆုံးရှုံးခဲ့ရသဖြင့် လယ်သမားများ နစ်နာမှုကြီးမားနေပြီး ရေကြီးမှုမှာ ၁၁ ရက်ခန့် ရှိလာပြီဖြစ်ရာ စပါးခင်းများ ပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။အစိုးရဘက်ကမူ မိုးစပါးစိုက်ဧက ၁၀,၀၀၀ ကျော်ခန့်သာ ရေမြုပ်နေပြီး ၁၄ ရက်အတွင်း ရေပြန်ကျပါက မပျက်စီးနိုင်ကြောင်းနှင့် ပျက်စီးခဲ့ပါကလည်း ပျိုးပင်နှင့် သီးနှံ အစားထိုးစိုက်ပျိုးနိုင်ရန် ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားသည်။ သို့သော် လယ်သမားများမှာမူ လက်ရှိအချိန်အထိ အကူအညီများ မရရှိသေးဘဲ အကြွေးနွံနစ်မည်ကို စိုးရိမ်လျက်ရှိသည်။ ငဝန်မြစ်တာဘောင်မှာ ဇူလိုင် ၃၀ ရက်မှစ၍ ရေစိမ့်ရာမှ ပေ ၂၉၀ ခန့်အထိ ကျိုးပေါက်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ တာဘောင်အား ပိတ်ဆို့နိုင်ရန် နိုင်ငံတော်အဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ ငဝန်မြစ်တာဘောင် ကျိုးပေါက်မှုကြောင့် လယ်စိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ်ကာ လယ်သမားများ နစ်နာဆုံးရှုံးမှုကြီးမား
Aug 11 • 4:00 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 14 | 0 | 0 | 0 |


