back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ လူငယ်ဂိုဏ်းများ ဖွဲ့စည်းကာ အုပ်စုလိုက် ရန်ဖြစ်မှုများကြောင့် ကျောင်းသားမိဘများ စိုးရိမ်မကင်းဖြစ်

Aug 11 • 3:58 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ လူငယ်ဂိုဏ်းများ ဖွဲ့စည်းကာ အုပ်စုလိုက် ရန်ဖြစ်မှုများကြောင့် ကျောင်းသားမိဘများ စိုးရိမ်မကင်းဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆယ်ကျော်သက်လူငယ်များအကြား ဂိုဏ်းအမည်များနှင့် Logo များ အသုံးပြု၍ အုပ်စုဖွဲ့ လှုပ်ရှားမှုများ ပြုလုပ်လာသည့်အပြင်၊ အုပ်စုချင်း ခ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆယ်ကျော်သက်လူငယ်များအကြား ဂိုဏ်းအမည်များနှင့် Logo များ အသုံးပြု၍ အုပ်စုဖွဲ့ လှုပ်ရှားမှုများ ပြုလုပ်လာသည့်အပြင်၊ အုပ်စုချင်း ချိန်းဆိုရန်ဖြစ်ခြင်းနှင့် ရိုက်နှက်ခြင်းများ ပြုလုပ်လာသဖြင့် ကျောင်းသားမိဘများ စိုးရိမ်နေကြကြောင်း သိရသည်။ လူငယ်များသည် တုတ်၊ သံချောင်း စသည့် လက်နက်များ ကိုင်ဆောင်ကာ ရန်ဖြစ်သည့် ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တင်၍ စိန်ခေါ်မှုများ ပြုလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အပြုအမူ ရဲတင်းလာခြင်းတို့ကြောင့် မိဘများမှာ နောက်ဆက်တွဲ ပြဿနာများကို လိုက်လံဖြေရှင်းနေရသည်။ ထို့ကြောင့် မိဘများအနေဖြင့် သားသမီးများ၏ အပေါင်းအသင်းနှင့် လူမှုကွန်ရက် အသုံးပြုမှုကို ပိုမိုစောင့်ကြည့်ရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း မဖြစ်ပွားမီ ကြိုတင်ကာကွယ် ထိန်းသိမ်းကြပ်မတ်ပေးရန် မိဘများက တောင်းဆိုထားကြောင်း သိရသည်။

news-view-count-icon

15