back

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်၊ သီရိမင်္ဂလာဈေးဟောင်းရှေ့ရှိ ဆက်သွယ်ရေးတိုင်ဟောင်းများ အသစ်လဲလှယ်တပ်ဆင်

Aug 11 • 3:27 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်၊ သီရိမင်္ဂလာဈေးဟောင်းရှေ့ရှိ ဆက်သွယ်ရေးတိုင်ဟောင်းများ အသစ်လဲလှယ်တပ်ဆင်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ကျွမ်းကျင်ဝန်ထမ်းများက ယနေ့ ဆက်...

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ကျွမ်းကျင်ဝန်ထမ်းများက ယနေ့ ဆက်သွယ်ရေးတိုင်ဟောင်းများ နှုတ်သိမ်းခြင်းနှင့် တိုင်သစ်များပေါ်သို့ ကေဘယ်ကြိုးများ ရှင်းလင်းရွှေ့ပြောင်း တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးစဉ်အတွင်း ကမ်းနားလမ်းမကြီး အဆင့်မြှင့်တင်ရန်နှင့် မြို့အင်္ဂါရပ် သန့်ရှင်းသပ်ရပ်စေရေးအတွက် တိုင်ဟောင်းများ စနစ်တကျ နှုတ်သိမ်းရန်၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး ကေဘယ်ကြိုးများကို စံချိန်စံညွှန်းမီ သပ်ရပ်စွာ ရွှေ့ပြောင်းတပ်ဆင်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

30