စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် သဖန်းဆိပ်ဆည်နှင့် ကာဘိုးဆည်တို့မှ ရေလွှတ်ထုတ်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မူးဘောင် ကျိုးပေါက်မှုတို့ကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်း ၅၀ ကျော် ရေမြုပ်နေပြီး အင်ပုထိုးရွာသစ်ကျေးရွာမှ အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦး အပါအဝင် လူသေဆုံးမှုများ ရှိလာကြောင်း သိရသည်။ရေဘေးကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် ရွှေ့ပြောင်းနေရပြီး လယ်ယာမြေဧက သောင်းနှင့်ချီ ရေမြုပ်ပျက်စီးလျက် ရှိသည်။အလားတူ ခင်ဦး၊ ကန့်ဘလူ၊ တန့်ဆည်၊ ဒီပဲယင်း၊ ကျွန်းလှ၊ ရွှေဘို၊ ဝက်လက်နှင့် အရာတော် မြို့နယ်များအတွင်းရှိ ကျေးရွာများ၌လည်း ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး သီးနှံစိုက်ခင်းများ ရေမြုပ်နေသည်။ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းတို့တွင် ရေဘေးသင့်ပြည်သူ စုစုပေါင်း ၄ သိန်းကျော်ရှိကာ ၁၆ ဦး သေဆုံးပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ ကျေးရွာပေါင်း ၅၀ ကျော် ရေဝင်ရောက်၊ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိနေ
Aug 11 • 3:26 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


