၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအတွက် ပထမအကြိမ်အဖြစ် ကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ခွဲဝေချထားပေးပြီး ဖြစ်ကာ ရှေ့ဆက်၍လည်း ထပ်မံတိုးမြှင့် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၀ ရက်က နေပြည်တော်၌ ကျင်းပသည့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးရေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် အခြေခံပညာကျောင်းများကို ကျန်းမာရေးစံချိန်စံညွှန်းများနှင့်ညီအောင် ဆောင်ရွက်ကြရန်၊ ကျောင်းသားများ၏ ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တကျ မှတ်တမ်းတင်၍ အတန်းအားလုံး လွှမ်းခြုံနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ကျောင်းသားလူငယ်များ အာဟာရပြည့်ဝ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားကစားပြိုင်ပွဲများ ကျင်းပပေးရန်ပါ မှာကြားခဲ့ကြောင်း သိရသည်။


