back

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ၏ အမှတ်စာရင်းကို အွန်လိုင်းမှ ရက်ချိန်းယူ၍ ထုတ်ယူနိုင်ပြီ ဖြစ်

Aug 11 • 3:05 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ၏ အမှတ်စာရင်းကို အွန်လိုင်းမှ ရက်ချိန်းယူ၍ ထုတ်ယူနိုင်ပြီ ဖြစ်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ၏ အမှတ်စာရင်းကို https://osp.dme.gov.mm/ ဝက်ဘ်ဆိုက်တွင် အွန်လိုင်းမှတစ်ဆင့် ရက်ချိန်းယူ၍ နေပြည်တော် သို့မဟုတ် ရန်က...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ၏ အမှတ်စာရင်းကို https://osp.dme.gov.mm/ ဝက်ဘ်ဆိုက်တွင် အွန်လိုင်းမှတစ်ဆင့် ရက်ချိန်းယူ၍ နေပြည်တော် သို့မဟုတ် ရန်ကုန်တို့၌ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထားသည်။ ထုတ်ယူရာတွင် ခုံအမှတ်နှင့် လိုအပ်သည့် အချက်အလက်များ တိကျစွာ ဖြည့်သွင်းရမည်ဖြစ်ပြီး စနစ်မှ ထုတ်ပေးသည့် QR ကူပွန်နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် မူရင်းဖြင့် လာရောက်ထုတ်ယူရမည်ဖြစ်သည်။ဖြည့်သွင်းထားသည့် အချက်အလက်နှင့် လာရောက်ထုတ်ယူသူ၏ အချက်အလက်များ ကွဲလွဲပါက ရက်ချိန်းကို ပယ်ဖျက်မည်ဖြစ်ကာ အမှတ်စာရင်း ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။ စာမေးပွဲအောင်မြင်သူများ၏ အမှတ်စာရင်းကို ဇူလိုင် ၁၆ ရက်မှစ၍ ထုတ်ပေးလျက်ရှိပြီး အောင်လက်မှတ်များကိုမူ ဩဂုတ်လကုန်ပိုင်းတွင်မှ ထုတ်ပေးနိုင်ခြေရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၂၅၅,၂၂၈ ဦးအနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့ပြီး (အောင်ချက် ၅၂.၃၇%) ကျရှုံးသူ ၁၂၀,၀၀၀ ကျော် ရှိခဲ့သည်။

news-view-count-icon

18