ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အထက်ဘက်မှ ချောင်းရေများ အဆက်မပြတ် စီးဆင်းလာမှုကြောင့် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက နမ့်လွေချောင်းရေ မြင့်တက်လာပြီး ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်း လမ်းမကြီး (မိုင်တိုင် ၄၆ မိုင် ၂ ဖာလုံ နှင့် ၄၆ မိုင် ၄ ဖာလုံအကြား) လမ်းအရှည် ပေ ၃၀၀ ခန့်ပေါ်သို့ ရေ ၁ ပေခန့် ရေကျော်လွန်ခဲ့ကြောင်း သိရသည်။အဆိုပါ လမ်းပိုင်းအတွင်း မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေးတို့အတွက် တာဝန်ရှိသူများက လမ်းကြောင်းပြ အလံများနှင့် အချက်ပြ ပေပါများ စိုက်ထူ၍ ထိန်းသိမ်း ကြီးကြပ်ပေးလျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၌ နမ့်လွေချောင်းရေ မြင့်တက်လာမှုကြောင့် ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်း သွား ကားလမ်းပေါ် ရေကျော်လွန်မှု ဖြစ်ပွား
Aug 11 • 2:31 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 11 | 0 | 0 | 0 |


