back

ရှမ်းပြည်နယ်၊ ကလောမြို့၌ ကလောချောင်းရေ ဆက်လက်မြင့်တက်နေသဖြင့် အနိမ့်ပိုင်းဆိုင်ခန်းများနှင့် အိမ်ထောင်စုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ

Aug 11 • 2:28 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ ကလောမြို့၌ ကလောချောင်းရေ ဆက်လက်မြင့်တက်နေသဖြင့် အနိမ့်ပိုင်းဆိုင်ခန်းများနှင့် အိမ်ထောင်စုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဩဂုတ် ၁၀ ရက်တွင် ကလောချောင်းရေ ထပ်မံမြင့်တက်လာရာ ရပ်ကွက် (၄)၊ ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဩဂုတ် ၁၀ ရက်တွင် ကလောချောင်းရေ ထပ်မံမြင့်တက်လာရာ ရပ်ကွက် (၄)၊ ဘူတာလမ်းအပါအဝင် အနိမ့်ပိုင်းဒေသများ၌ ရေကျော်လွန်၍ အိမ်များနှင့် ဆိုင်ခန်းများအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ပစ္စည်းများ ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုကူညီရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကလောချောင်းမှာ ရေစီးသန်သဖြင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက် စိုးရိမ်ရသည့်အပြင် ၂၀၂၄ ခုနှစ်က စံချိန်တင် ရေကြီးခဲ့သည့် အတွေ့အကြုံများကြောင့် မိုးဆက်လက်ရွာသွန်းပါက ရေထပ်မံတက်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

18