back

ISPE အသင်း မြန်မာအမျိုးသမီးလိဂ် ရာသီဝက်ချန်ပီယံ ဖြစ်လာ

Aug 11 • 2:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ISPE အသင်း မြန်မာအမျိုးသမီးလိဂ် ရာသီဝက်ချန်ပီယံ ဖြစ်လာ

ISPE အမျိုးသမီးအသင်းသည် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၏ ရာသီဝက် နောက်ဆုံးပွဲစဉ်အဖြစ် သုဝဏ္ဏအားကစားကွင်း၌ Young Lionesses အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၁၀ - ၀ ဂိ...

ISPE အမျိုးသမီးအသင်းသည် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၏ ရာသီဝက် နောက်ဆုံးပွဲစဉ်အဖြစ် သုဝဏ္ဏအားကစားကွင်း၌ Young Lionesses အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၁၀ - ၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ယခုရာသီ၏ ဂိုးအများဆုံး နိုင်ပွဲမှတ်တမ်းကို စိုက်ထူကာ ရာသီဝက်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ISPE အသင်းသည် ပထမအကျော့ ပွဲစဉ် ၉ ပွဲအပြီးတွင် ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၂၅ မှတ်ဖြင့် ဇယားထိပ်မှ ရပ်တည်နေခြင်းဖြစ်သည်။ ၎င်းတို့၏ နောက်တွင် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းက ရမှတ် ၂၂ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းက ရမှတ် ၁၉ မှတ်ဖြင့် တတိယနေရာတွင် အသီးသီး ဖိအားပေး ရပ်တည်နေကြသည်။ မြန်မာအမျိုးသမီးလိဂ် စတင်ကျင်းပခဲ့သည့် ရာသီ ၇ ကြိမ်တွင် ISPE အသင်းက ၃ ကြိမ်အထိ ဗိုလ်စွဲထားကြောင်း သိရသည်။

news-view-count-icon

18