ဘာစီလိုနာအသင်း၏ လူငယ်ကစားသမားများဖြစ်ကြသည့် ပက်ဒရီ နှင့် ဂါဗီ တို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း ချန်ပီယံဆု ရရှိခဲ့ပါက ပြုလုပ်မည်ဟု ပေးခဲ့သော ကတိအတိုင်း ဆံပင်များ ဆေးဆိုးခဲ့ကြကြောင်း သိရသည်။ ပက်ဒရီ က ဆံပင်ကို အဖြူရောင် နှင့် ဂါဗီ က ပန်းရောင် ဆိုးမည်ဟု ကတိပြုခဲ့ကြသည့်အတိုင်း ဘာစီလိုနာအသင်း၏ ရာသီကြို လေ့ကျင့်ရေးကာလတွင် ဆံပင်အရောင်သစ်များဖြင့် ပါဝင်လာခဲ့ကြသည်။ ထို့အပြင် နောက်ခံလူ ကူကူရယ်လာ ကလည်း စပိန်နည်းပြ ဒယ်လာဖွန်တေ၏ ပုံကို လက်မောင်းတွင် တက်တူးထိုးမည်ဟူသော ကတိအတိုင်း တက်တူးထိုးခဲ့ပြီး၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ထားမည်ဟု ကတိပေးခဲ့သည့် ယမားလ် နှင့် ကတုံးတုံးမည်ဟု ကတိပေးခဲ့သည့် ဖယ်ရန်တောရက်စ် တို့မှာမူ ကတိအတိုင်း မလုပ်ဆောင်ရသေးကြောင်း သိရသည်။


