ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန် ၅ မျိုးကို တွေ့ရှိရသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ဩဂုတ် ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။အဆိုပါ တားမြစ်ဓာတုပစ္စည်းပါ အလှကုန်များကို အသုံးပြုပါက အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ထုံကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်တွင် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။သို့ဖြစ်ပါ၍ အွန်လိုင်းမှ ရောင်းချသူများ အပါအဝင် တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် ထိုအလှကုန်များကို ရောင်းချခြင်းမပြုရန်နှင့် လိုက်နာမှုမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA က သတိပေးထားသည်။

Aug 11 • 1:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


