back

လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့

Aug 11 • 1:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့

TikTok ဗီဒီယိုအတိုများနှင့် အွန်လိုင်းဈေးရောင်းချမှုတို့ဖြင့် လူသိများသည့် အသက် ၂၄ နှစ်အရွယ် ကရင်လူငယ် စောလေးသည် မြန်မာ-ထိုင်းနယ်စပ် ကျောက်ခက်ကျေးရွာ၌ ဩဂုတ် ၉ ရ...

TikTok ဗီဒီယိုအတိုများနှင့် အွန်လိုင်းဈေးရောင်းချမှုတို့ဖြင့် လူသိများသည့် အသက် ၂၄ နှစ်အရွယ် ကရင်လူငယ် စောလေးသည် မြန်မာ-ထိုင်းနယ်စပ် ကျောက်ခက်ကျေးရွာ၌ ဩဂုတ် ၉ ရက် ညသန်းခေါင်းယံအချိန်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။၎င်း၏ ရုပ်အလောင်းကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင်မှ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်ကြောင်း မိတ်ဆွေများက သုံးသပ်ကြသည်။ လက်ရှိတွင် ရုပ်အလောင်းအား ထိုင်းနယ်စပ်ရှိ ဖုတ်ဖရဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးစစ်ချက် ရလဒ်များကို စောင့်ဆိုင်းလျက်ရှိသည်။စောလေးသည် TikTok မှတစ်ဆင့် ဟာသနှင့် သရုပ်ဆောင် ဗီဒီယိုများ ရိုက်ကူးရင်း ပရိသတ်အားပေးမှု ရရှိခဲ့သူဖြစ်ပြီး "Saw Lay - ငပိထောင်း" အမှတ်တံဆိပ်ဖြင့် အွန်လိုင်းစီးပွားရေး လုပ်ကိုင်နေသူလည်း ဖြစ်သည်။ ယခု ဩဂုတ်လအတွင်း ရဟန်းခံယူရန် စီစဉ်ထားစဉ် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

49