မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာချိန် ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ အထက်ကမ်းနားလမ်း၊ ၃၃ (အေ) လမ်း၊ မြစ်ဘက် တာဘောင်မြေသား အနည်းငယ် နိမ့်ဆင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါနေရာမှာ မိုးရေထွက်ပေါက်ဖြစ်ပြီး နိမ့်ဆင်းမှု ပိုမိုမဆိုးရွားစေရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောက်များနှင့် သဲအိတ်များ ချထားကာ စိုးရိမ်စရာမရှိအောင် ကာကွယ်ဆောင်ရွက်လျက်ရှိသည်။ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်း တိုင်းတာချက်များအရ မန္တလေးမြို့၏ ဧရာဝတီမြစ်ရေသည် ၁,၁၉၄ စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြို့၏ စိုးရိမ်ရေမှတ်မှာ ၁,၂၆၀ စင်တီမီတာ ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ အထက်ကမ်းနားလမ်း၌ ဧရာဝတီမြစ်ရေတိုးချိန် တာဘောင်မြေသား နိမ့်ဆင်းမှု ဖြစ်ပွားခဲ့သော်လည်း စိုးရိမ်စရာမရှိ
Aug 11 • 1:39 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 12 | 0 | 0 | 0 |


