မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေ လျင်မြန်စွာ မြင့်တက်လာပြီး ဧည့်ပြကျေးရွာအုပ်စုနှင့် ပလိပ်ကျေးရွာအုပ်စုတို့ရှိ နေအိမ်များအတွင်းသို့ ဩဂုတ်လ ၁၀ ရက် ညနေပိုင်းမှစ၍ ရေများ စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရေဘေးကြုံတွေ့နေရသည့် ဒေသခံပြည်သူ ၁,၈၁၀ ဦးနှင့် တိရစ္ဆာန် ၄၅၀ ကောင်တို့အား ဘေးလွတ်ရာသို့ အချိန်မီ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


