၂၀၂၅ MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Challenge League (ACGL) ပြိုင်ပွဲ၏ အရှေ့အာရှဇုန် ခြေစစ်ပွဲအဆင့်အဖြစ် လာအိုကလပ် Ezra FC အသင်းနှင့် လာမည့် စက်တင်ဘာလ ၈ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်သင်းစလုံးသည် ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီ ခြေစစ်ပွဲတွင်လည်း တွေ့ဆုံခဲ့ဖူးပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် Ezra FC အသင်းက အနိုင်ရရှိခဲ့သဖြင့် ယခုနှစ်ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အတွက် အိမ်ကွင်း၌ ပြန်လည်အနိုင်ယူရမည့် အခွင့်အရေးဖြစ်ကာ အဆိုပါပွဲစဉ်တွင် အနိုင်ရသည့်အသင်းသည် အုပ်စုအဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ ACGL အုပ်စုအဆင့်သို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိထားကြောင်း သိရသည်။


