back

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်-၁၀၅ မိုင်ကြား ပြည်ထောင်စုကားလမ်းမပေါ်၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပြန်လည်သွားလာနိုင်ပြီဖြစ်

Aug 10 • 11:26 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်-၁၀၅ မိုင်ကြား ပြည်ထောင်စုကားလမ်းမပေါ်၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပြန်လည်သွားလာနိုင်ပြီဖြစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မှ ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းပိုင်းနှစ်ခု၌ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး လမ...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မှ ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းပိုင်းနှစ်ခု၌ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ခေတ္တပြတ်တောက်ခဲ့ကြောင်း ဩဂုတ်လ ၁၀ ရက်တွင် သိရသည်။ အဆိုပါ လမ်းပေါ်သို့ ပိတ်ဆို့နေသည့် ရွှံ့နွံများနှင့် ကျောက်ခဲများကို စက်ယန္တရားများဖြင့် အရေးပေါ် ဖယ်ရှားရှင်းလင်းခဲ့ရာ လက်ရှိတွင် မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ပြီး တောင်ကမ်းပါးစောင်းများကိုလည်း ပိုမိုခိုင်ခံ့အောင် ဆက်လက်ပြုပြင် ဆောင်ရွက်လျက်ရှိသည်။ မိုးရာသီကာလ ဖြစ်သဖြင့် တောင်ပေါ်လမ်းပိုင်းများကို ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်မောင်းသူများအနေဖြင့် လမ်းအခြေအနေကို သတိပြုရန်နှင့် အရှိန်လျှော့မောင်းနှင်ကြရန် တာဝန်ရှိသူများက အထူးသတိပေး နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

12