ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက် တပင်ရွှေထီးလမ်းပေါ်ရှိ ဖျက်သိမ်းခံလိုက်ရသော နာရီစင်ညဈေးနေရာ၌ ရင်းနှီးမြှုပ်နှံငွေ ကျပ်သန်းပေါင်း ၃၇,၃၁၉ သန်းသုံးစွဲ၍ အထပ်မြင့် ကားပါကင် ဆောက်လုပ်ရေး စီမံကိန်းကို ယခု ဩဂုတ်လအတွင်း စတင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။ အဆိုပါ စီမံကိန်းအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား နှစ် ၇၀ သက်တမ်းရှိ B.O.T စာချုပ် ချုပ်ဆိုထားပြီး ကားအစီးရေ ၄၂၁ စီး ရပ်နားနိုင်မည့် ၅ ထပ် ကားပါကင်၊ ဈေး ၂ ထပ်၊ မြေအောက် စားသောက်ခန်းနှင့် လူကူးခုံးကျော်တံတား ၂ စင်းတို့ ပါဝင်မည်ဖြစ်သည်။ အဆောက်အဦ တည်ဆောက်ရေးကာလကို ၄ နှစ် သတ်မှတ်ထားသော်လည်း လမ်းမြေပေါ်တွင် တည်ဆောက်မည် ဖြစ်ခြင်း၊ ရှေးဟောင်း နာရီစင် ဖြိုချခံရခြင်းနှင့် အစိုးရဘက်မှ အကျိုးအမြတ် ရရှိမှု နည်းပါးခြင်းတို့ကြောင့် ဒေသခံများအကြား ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
Aug 10 • 11:25 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


