back

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ အမှတ်(၅)ရပ်ကွက်မှ ရေဘေးသင့်သူ ၁၇ ဦးအား ယာယီရေဘေးရှောင်စခန်းသို့ ကူညီရွှေ့ပြောင်း

Aug 10 • 11:23 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ အမှတ်(၅)ရပ်ကွက်မှ ရေဘေးသင့်သူ ၁၇ ဦးအား ယာယီရေဘေးရှောင်စခန်းသို့ ကူညီရွှေ့ပြောင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမှတ်(၅)ရပ်ကွက်၊ သီလှရင်စုရပ်ရှိ နေအိမ်များအတွင်းသို့ ရေများ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမှတ်(၅)ရပ်ကွက်၊ သီလှရင်စုရပ်ရှိ နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ရေဝင်ရောက်နေသည့် နေအိမ်များမှ ရေဘေးသင့်သူ ၁၇ ဦးအား ရေဘေးလွတ်ကင်းသည့် မြသိန်းတန်ဘုရား ယာယီရေဘေးရှောင်စခန်းသို့ ဘေးကင်းစွာ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

20