back

စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့် မြစ်ရေလျှံဘေး သတိပေး

Aug 10 • 11:22 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့် မြစ်ရေလျှံဘေး သတိပေး

စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် မြေမျက်နှာပြင် အဟန့်အတားကြောင့် မုတ်သုံတိမ်တိုက်များ ပိတ်မိကာ ဩဂုတ်လ...

စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် မြေမျက်နှာပြင် အဟန့်အတားကြောင့် မုတ်သုံတိမ်တိုက်များ ပိတ်မိကာ ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ၇ ရက်အတွင်း မိုးရေချိန် ၁၅၀ မှ ၂၄၅ မီလီမီတာအထိ သည်းထန်စွာ ရွာသွန်းနိုင်သဖြင့် တောင်ကျရေနှင့် မြစ်ရေလျှံဘေး အထူးသတိပြုရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဩဂုတ်လ ၁၀ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ မိုးရွာသွန်းမှုကြောင့် ကသာ၊ အင်းတော်၊ ဗန်းမော်၊ မြစ်ကြီးနား၊ လားရှိုးနှင့် သီပေါ မြို့များ လမ်းကြောင်းတစ်လျှောက်ရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် နမ္မတူမြစ်တို့တွင် ရေမျက်နှာပြင်များ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာနိုင်ပြီး လျှပ်တစ်ပြက်တောင်ကျရေကျခြင်း (Flash Floods) များ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။

news-view-count-icon

7