back

ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေ မြင့်တက်လာသဖြင့် ရေဘေးသင့်အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး

Aug 10 • 11:21 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေ မြင့်တက်လာသဖြင့် ရေဘေးသင့်အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၌ ဩဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာပြီး ရွှေဂွန်းကျေးရွာ၊ ရွှေပြည်တော်ရ...

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၌ ဩဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာပြီး ရွှေဂွန်းကျေးရွာ၊ ရွှေပြည်တော်ရပ်ကွက်အတွင်းသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လှိုင်းဘွဲ့မြို့နယ်မီးသတ်စခန်း၊ ရွှေဂွန်းနယ်မြေမီးသတ်စခန်းနှင့် လှိုင်းဘွဲ့အရန်မီးသတ်စခန်းတို့မှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ အန္တရာယ်ကင်းစွာ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

11