back

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ တာပေါင်ကျိုးပျက်မှုများ ကူညီဆောင်ရွက်ပေးလျက်ရှိ

Aug 10 • 11:20 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ တာပေါင်ကျိုးပျက်မှုများ ကူညီဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ဩဂုတ်လ ၁၀ ရက် နံနက် ၂ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ...

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ဩဂုတ်လ ၁၀ ရက် နံနက် ၂ နာရီခန့်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာအုပ်စုရှိ ကင်းတားတာပေါင် DY7-DY8 ကြား ပေ ၁၅၀ ခန့် ကျိုးပျက်ကာ မကျီးအုပ်ကျေးရွာအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

16