မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ယခုနှစ် သီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဝါကုန်ကြမ်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တောင်သူများ ဝင်ငွေတိုးတက်စေရန်အတွက် ဝါသီးနှံ ဧက စုစုပေါင်း ၃၀,၆၄၂ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးဧကများ အပြည့်အဝ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေး နည်းပညာများနှင့် မြေဩဇာ စနစ်တကျ သုံးစွဲနည်းများကို တောင်သူများထံ ကွင်းဆင်း၍ အသိပညာပေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင် ယခုနှစ် သီးနှံစိုက်ပျိုးရာသီ၌ ဝါဧက ၃၀,၆၄၂ ကျော် စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိ
Aug 10 • 11:18 AM
မြန်မာ
မကွေး
မျှဝေမည်
| 13 | 0 | 0 | 0 |


